ဘယ်လောက်စွမ်းအားကြီးလဲ
Beyonder ဟာ Omnipotent ဖြစ်ပါတယ်။ တကယ်စွမ်းအားကြီးဆုံးတွေထဲမှာ ပါဝင်ပါတယ်။ Thanos လိုသူကတောင် Beyonder ကိုကြောက်ရတဲ့ အထဲမှာပါဝင်ပါတယ်။
Marvel Universe မှာသူထက်သာတာဆိုလို့ One Above All ပဲရှိပါတယ်။ Secret War 2 စာအုပ်ထဲမှာဆိုရင် သူက Multiverse ကိုတောင်ဖျက်စီးဖို့အထိချိန်းခြောက်ခဲ့ပါတယ်။ တစ်ခါတရံမှာသူကိုယ်တိုင် ရည်ရွယ်ချက်ရှိရှိနဲ့ သူရဲ့စွမ်းအားကိုလျော့ချခဲ့တာက လွဲရင်သူရဲ့စွမ်းရည်က အဆုံးမရှိပါတဲ့။
သူကဘယ်ကနေပေါ်လာတာလဲ
သူက Marvel Universe ထဲကရှေးအကျဆုံး Boyond မျိုးနွယ်ဝင်တွေထဲကတစ်ယောက်ဖြစ်ပါတယ်။ သူ့ကိုကမ္ဘာပေါ်ကို ရောက်ရှိစေခဲ့တာကတော့ Molecule Man ရဲ့ Cosmic Cube ရဲ့သိပ္ပံစမ်းသပ်ချက်က မတော်တဆမှုကြောင့်ဖြစ်ပါတယ်။ သူရဲ့အစပြုခဲ့တဲ့ စကြာဝဠာမှာတော့ သူကိုယ်တိုင်က စကြာဝဠာဖြစ်ပါတယ်။ သူကအကုန်လုံးကို အစိုးရတဲ့သူဖြစ်ပါတယ်။
သူက လူတွေရဲ့စကြာဝဠာကို ကြုံတွေ့တဲ့အခါ လူတွေကို အရမ်းစိတ်ဝင်စားလာပါတယ်။ လူတွေဟာဘာကြောင့်အသက်ရှင်နေထိုင်ဖို့ကြိုးစားရုံးကန်နေရာတာလဲ။ ဘာလို့ ပြိူင်ဆိုင်နေကြတာလဲဆုတာကို သူနားမလည်ပါဘူး။ ဒါ့ကြောင့်သူဟာလူတွေရဲ့လိုချင်တက်မက်စိတ်ကို စပြီးလေ့လာခဲ့ပါတယ်။
Secret War ကိုဖန်တီးချင်း
လူတွေကိုလေ့လာရင်းနဲ့ လူသားတွေထဲက ဟီးရိုးတွေနဲ့ ဗီလိန်တွေကို Battle World လို့ခေါ်တဲ့ဂြိုလ်တစ်ခုပေါ်မှာ တိုက်ခိုက်စေပါတယ်။
I am beyond! Slay Your Enemies and all shall be yours! Nothing you dram of is impossible for me to accomplish!
အနိုင်ရတဲ့သူဟာ သူရဲ့စိတ်ဆန္ဒက တောင်းဆိုတာမှန်သမျှရစေရမယ်လို့ဆိုကာ လောဘစိတ်ကိုလေ့လာခဲ့ပါတယ်။
ဒီစစ်ပွဲမှာ Dr Doom က Beyonder ရဲ့ စွမ်းအင်ကို ရယူနိုင်မယ့်နည်းလမ်းကို ရှာဖွေအောင်မြင်ခဲ့ပါတယ်။ Dr Doom ဆီက စွမ်းအင်ကို ပြန်ရယူနိုင်ခဲ့ပြီးနောက်မှာတော့ Beyonder ဟာ ထွက်ပြေးကွယ်ပျောက်သွားပြီး Battle World ပေါ်ကလူတွေလဲ ကမ္ဘာပေါ်ကိုပြန်ရောက်လာပါတော့တယ်။
Secret War 2
ပထမအကြိမ်မှာ အဖြေမလှခဲ့တဲ Beyonder လူသားတွေရဲ့ စိတ်ဆန္တလိုချင်တက်မက်မှုတွေကို လေ့လာလို့ အားမရသေးပါဘူး။ ဒီတစ်ခါမှာတော့ Beyonder ဟာလူတွေကို ကြည့်ရုံကြည့်တာ မဟုတ်တော့ပဲ သူကိုယ်တိုင် လူသားတစ်ယောက်အသွင်ကိုယူပြီး လေ့လာပါတော့တယ်။
သူပထမဆုံးလုပ်ယူခဲ့တဲ့လူပုံစံကတော့ Captain America ပုံစံပါ။ ဒါလိုနဲ့နေရင်း အဆင်မပြေမှူတွေများစွာနဲ့ကြုံတွေ့ရပြီးနောက်ပိုင်းမှာ လူဆိုး Vinne နဲ့တွေ့ခဲ့ပါတယ်။ Vinne က Beyonder ရဲ့စွမ်းအင်အသုံးချရင်း သူ့ကိုလည်း လူ့ဘဝမှာအောင်မြင်ပြီး ချမ်းသာကြွယ်ဝလောအောင်ကူညီပေးခဲ့ပါတယ်။ Cap ရဲ့ပုံစံကနေပြီး အဖြူရောင်ဝတ်ထားတဲ့ ဆံပင်ကောက်ကောက်နဲ့လူတစ်ယောက်ရဲ့ အသွင်ကိုလည်းယူစေခဲ့ပါတယ်။
ဒါကိုလဲမကြေနပ်နိုင်တဲ့ Beyonder က Vinne နဲ့လဲ လမ်းခွဲခဲ့ပြီး ကမ္ဘာပေါ်က သက်ရှိသက်မဲ့တွေအားလုံးကို သူလိုသလိုထိန်းချုပ်ပြီး လေ့လာပြန်ပါတယ်။ စမ်းသပ်လို့ပြီးတဲ့အခါ အားလုံးကိုပြန်လွှတ်ပေးလိုက်ပါတယ်။
နောက်တစ်မျိုးစမ်းသပ်တဲ့ အနေနဲ့ သူဟာလူသားတွေကို ကူညီတဲ့ လူတစ်ယေက်အဖြစ်ရပ်တည်ပြန်ပါတယ်။ အကူအညီလွန်ပြီး သေခြင်း Death ကိုပါ ဖယ်ရှားစေတဲ့ အတွက် တခြား Realm က နတ်ဆိုး ဗီလန် Mephisto ရဲ့ရန်ငြိုးထားတိုက်ခိုက်တာကိုခံရပြန်ပါတယ်။
လူသားတွေကို စမ်းသပ်လို့တဲ့အခါမှာ သူဟာလောကရဲ့ဘယ်နေရာမှာမှ အဆင်မပြေဘူးလို့ယူဆပြီး မပျော်တော့တဲ့ Beyonder က ကမ္ဘာပေါ်က သက်ရှိသက်မဲ့တွေအားလုံး အပြင် Mutliverse ကိုပါဖျက်စီးပြီး သူရဲ့စကြာဝဠာ Beyond-Realm ကိုပြန်ဖို့လုပ်ပါတော့တယ်။
အဲဒါကို Avenger နဲ့ တခြား Hero တွေကပေါင်းပြီးတားဆီးခဲ့ပါတယ်
ကမ္ဘာက ဟီရိုးတွေက Beyond Realm အထိလိုက်လာပြီး Beyonder ကိုအပြီးသတ်နိမ်နင်းကြပါတော့တယ်။ Beyonder အရေးနိမ့်နေစဥ်မှာပဲ Molecule Man က Beyonder ကို Cosmic Cude စမ်းသပ်ချက်ကနေပြီးဖြစ်ပေါ်လာကြောင်း သိစေပြီးတဲ့အခါမှာတော့ Beyonder ဟာသူ့ရဲ့ အစပျိုးရာဖြစ်တဲ့ Cosmic Cude အဖြစ်ကို ပြန်ပြီးပုံသွင်းခံလိုက်ပါတော့တယ်။
Post a Comment