THE ETERNALS

The Eternals ဟာ မကြာတော့တဲ့ နောင်နစ်အနည်းငယ်မှာ MCU ရဲ့ ရုပ်ရှင်တစ်ခုအနေနဲ့ ထွက်လာတော့မှာဖြစ်ပါတယ်။ မူလသတ်မှတ်ထားတဲ့ရုံတင်ရက်ကတော့ 11 Feb 2021 ဖြစ်ပါတယ်။

ဇာတ်လမ်းမှာပါဝင်မယ့် သရုပ်ဆောင်တွေနဲ့ သူတို့ ပါဝင်မယ့်နေရာကဇာတ်ကောင်ကိုတောင် တော်တော်များများ သိပြီးကြပြီးဖြစ်ပါတယ်။ 

ဒါကြောင့် ဇာတ်လမ်းရုံမတင်ခင်မှာ နောက်ခံရာဇဝင်တွေ ဇာတ်ကောင်တွေနဲ့ စိမ်းမနေအောင် The Eternals အကြောင်းလေးကို ကြိုပြီးရေးပေးလိုက်ပါတယ်။

Eternal နှင့် Devaints များမွေးဖွားလာခြင်း

လွန်ခဲ့နဲ့ နစ်တစ်သန်းက Celestials များက ကမ္ဘာပေါ်ကို ရောက်လာပြီး လူတွေကို မျိုးရိုးဗီဆအပိုင်းစမ်းသပ်ချက်တွေပြုလုပ်ခဲ့ကြပါတယ်။ ဒီစမ်းသပ်ချက်များကနေပြီး Eternals နဲ့ Deviants ဆိုပြီး လူသားကနေဆင့်ကဲ ဖြစ်ပေါ်လာတဲ့ မျိုးနွယ်နစ်ခုပေါ်ပေါက်လာပါတယ်. 


Eternals တွေကတော့ စွမ်းအားရှိပြီး လူသားတွေကိုကောင်းကျိုးပြုကာကွယ်တဲ့ လှပတဲ့နတ်ဘုရားတွေလို တဖြေးဖြေးရုပ်လုံးပေါ်လာကြပါတယ်.
Eternals များဟာ လူသားများနဲ့ အပြင်ပိုင်းရုပ်ရည်တူညီကြပြီး ပိုချောပိုလှလေ့ရှိပါတယ်. 
Deviants တွေကတော့ မတော်တဆဖန်တီးမိခဲ့တာဖြစ်ပြီး မတည်ငြိမ်ပဲ ဆိုးသွမ်းသူဗီလိန်တွေဖြစ်လာခဲ့ပါတယ်.

Deviants တွေဟာလူသားတွေကို ဒုက္ခပေးလေ့ရှိပြီး
အဲလို အ​ခြေအနေရောက်ရင် Eternals တွေက လူသားတွေဘက်ကနေ အကာအကွယ်ပေးရပ်တည်ကြပါတယ်.


Civil War of the Eternals

ပထမအကြိမ်ခေါင်းဆောင်လုခြင်း
​တစ်နေ့မှာတော့ Eternals တွေဟာ အချင်းချင်း စစ်ဖြစ်ကြပါတယ်. အဲဒီစစ်မှာ တစ်ဖက်က Kronos ကဦးဆောင်ပြီး နောက်တစ်ဖက်ကိုတော့ Uronos ကဦးဆောင်ပါတယ်.
စစ်ပွဲပြီးတဲ့အခါ ရှုံးနိမ့်သူ Uronos ဟာ ယူရေးနပ်ဂြိုလ်ပေါ်ကို သွားနေရပါတယ်. Uronos ရဲ့ အဖွဲ့ အချို့က ကမ္ဘာကို မကြေပွဲပြန်နွဲဖို့လာခဲ့ပေမယ့် လမ်းမှာ Kree အဖွဲ့ရဲ့ တိုက်ခိုက်မှုကိုခံရပြီး Titan ဂြိုလ်ပေါ်ကိုရောက်သွားခဲ့ပါတယ်. Titan မှာပဲသူတို့တွေ နေရာအသစ်တစ်ခုကိုတည်ဆောက်ကြရပါတယ်.

Kree တွေဟာဖမ်းဆီးရမိတဲ့ Eternals တွေကို စမ်းသပ်ခဲ့ပြီး လူသားကတဆင့် Inhumans တွေကိုလည်း တီထွင် ခဲ့ကြပါတယ်.

ကမ္ဘာပေါ်မှာကျန်ရှိနေခဲ့တဲ့ Uronos ဟာလည်း သိပ္ပံစမ်းသပ်ချက်တွေပြုလုပ်ရင်းနဲ့ မတော်တဆဖြစ်ပြီး ဓာတ်ခွဲခန်းပေါက်ကွဲမှုကြောင့် အကန့်အသတ်မရှိ မေ့မျောသွား​ခဲ့ပါတယ်. အဲဒီမတော်တဆမှုကနေ လွင့်ထွက်လာတဲ့ စွမ်းအင်တွေဟာ တခြား Eternals တွေကို ထိမိတဲ့အခါ တိမမြုတ်ပျောက်ကွယ်နေတဲ့ စွမ်းအားတွေပြန်ရရှိစေပြီး သူတို့ဟာနတ်ဘုရားတွေလိုစွမ်းအားရှိတဲ့ Eternals မျိုးနွယ်အသစ်ဖြစ်လာပါတယ်.

ဒုတိယအကြိမ်ခေါင်းဆောင်လုခြင်း
Kronos မေ့မျောနေတာကြောင့် သူသားနစ်ယောက်ဖြစ်တဲ့ Zura နဲ့ Alars တို့ကခေါင်းဆောင် နေရာအတွက် ယှဥ်ပြိုင်ရပါတယ်. Zura ကအနိုင်ရတဲ့ အခါ Alars က Titan ဂြိုလ်ပေါ်ကိုသွားနေဖို့ထွက်ခွာရပါတယ်. 
Alars ဟာ Titan ပေါ်ရောက်တဲအခါမှာ ရှေးရိုး အစွမ်းမထက်လှတဲ့ Eternal မျိုးနွယ်ဖြစ်တဲ့ Sui-San နဲ့ အိမိထောင်ကျပြီး သူတို့ကတဆင့် Eternals အသစ်လောက်မစွမ်းပေမယ့် Eternal အ​ဟောင်းထက်တော့ ပိုစွမ်းတဲ့ မျိုးနွယ်အသစ်တစ်ခုပေါ်လာခဲ့ပါတယ်.
ဒီနေရာမှာ ဆက်စပ်ပြီးပြောရရင် ကျွန်တော်တို့ရဲ့ နာမည်ကျော် ဗီလိန်ကြီး Thanos ဟာ Alars နဲ့ Sui-Sam တို့ရဲ့သားအရင်း Titanian Eternal တစ်ယောက်ဆိုတာပါပဲ.



ထင်ရှားတဲ့ မြို့သုံးမြို့ကိုတည်ထောင်ချင်း


ကမ္ဘာပေါ်မှာကျန်ခဲ့တဲ့ အစွမ်းအထက်ဆုံး Zura တို့ရဲ့ Eternal မျိုးနွယ်ကတော့ ပိုကြီးထွာလားပြီး ချဲ့ထွင်လာပါတယ်. အဲဒီလိုချဲ့ထွင်ရင်း Greek နတ်ဘုရားတွေရဲ့ Olympia နဲ့ ကမ္ဘာကြားက စပ်ထားတဲ့ လမ်းကြောင်း Portal နားအထိရောက်လာပြီး မြို့တစ်မြို့တည်ခဲ့ပါတယ်. အဲတာကြောင့် Greek ကလူသားတွေဟာ Eternals တွေကို Olympian နတ်ဘုရားတွေ အဖြစ်အထင်မှားလေ့ရှိပါတယ်.
အဲဒီမြို့ရဲ့နာမည်ကိုလဲ Olympia လို့ပဲ မှည့်ထားပါတယ်. Olympia နဲ့ တပြိုင်တည်းခဲ့တဲ့ မြို့နစ်ခုကတော့ Polaria နဲ့ Oceana တို့ဖြစ်ပါတယ်.


မကြာခင်ပြသမယ့် The Eternals မှာပါလာမည့်ဇာတ်ကောင်များ

MCU Phase 4 မှာ The Eternals များပါဝင်လာမှာဖြစ်ပါတယ်. ဇာတ်လမ်းကတော့ Endgame အပြီးမှာ နစ်ပေါင်းများစွာ ဇာတ်မြုတ်နေကြတဲ့ Eternals များဟာ Devient တွေရန်ကနေ ကမ္ဘာကြီးကိုကာကွယ်ကြမှာဖြစ်ပါတယ်.

Ikaris

Ikaris ကို လွန်ခဲ့တဲ့ နစ်နစ်သောင်းကျော်က Eternal တို့ရဲ့မြို့ဖြစ်တဲ့ Polaria မှာမွေးခဲ့ပါတယ်. 
သူကတော့ လူသားတွေကို ကယ်တင်သူအဖြစ်ထင်ရှားပါတယ်.
Celestial တွေ ကမ္ဘာကိုဒုတိယအကြိမ်ပြန်လာတဲ့ အခါမှာ Devient တွေနဲ့ Celestial တွေအကြားမှာစစ်ကြီး (Great Cataclysm) ဖြစ်ခဲ့ပါတယ်. အဲဒီစစ်ပွဲကြောင့် Atlantic အပါအဝင် ကမ္ဘာရဲ့နေရာ တော်တော်များများကို ရေလွှမ်းစေခဲ့ပါတယ်. Ikaris က အဲဒီရေလွှမ်းမှုကနေပြီး လူတွေကိုကယ်တင်ပြီး အသက်ရှင်စေခဲ့ပါတယ်.


Sersi

Sersi ကတော့ Olympia မှာမွေးဖွားခဲ့တဲ့ Eternal ဖြစ်ပါတယ်.
သူက ငယ်စဥ်ကတည်းက လူသားတွေကို သဘောကျချစ်မြတ်နိုးပြီး လူသားတွေနဲ့ အတူတကွယှဥ်တွဲနေလိုတဲ့သူဖြစ်ပါတယ်.
Eternal တစ်ယောက်ပြီး လူသားတွေနဲ့သာ အနေများတယ်ဆိုပေမယ့် Eternals နဲ့ Deviant အကြားစစ်ပွဲများမှာတော့ ဝင်ရောက်ကူညီလေ့ရှိပါတယ်.


Thena

Thena ကတော့ Olympia မှာမွေးတာဖြစ်ပြီး
သူ့ကို Olympian နတ်ဘုရားမ Athena နဲ့မှားလေ့ရှိပါတယ်. စစ်ကိုခုံမင်ပြီး တိုင်ရည်ခိုက်ရည်ပြည့်ဝတဲ့ Eternal တစ်ယောက်ဖြစ်ပါတယ်.


Kingo 

Kingo ကတော့ Sarmurai Eternal ပါ. ဓားရေးကျွမ်းကျင်ပြီး သူက Bollywood ကမင်းသားတစ်ယောက်အဖြစ်နဲ့ လူသားတွေကြားရောနှောပြီး နေထိုင်သူဖြစ်ပါတယ်.


Makkari

သူကတော့ Olympia ဖွားထဲကတစ်ယောက်ဖြစ်ပြီး အလွန်လျင်မြန်တဲ့စွမ်းအင်ကို ပိုင်ဆိုင်ပါတယ်. သူမဟာအကြားအာရုံချို့တဲ့သူလဲဖြစ်ပါတယ်.
Makkari ဟာ အီဂျစ်တွေကို စာရေးတာကို အစပြုတတ်အောင် သင်ကြားပေးခဲ့သူဖြစ်ပါတယ်.


Phastos

Phastos ကတော့ ဥာဏ်ပညာကြီးတဲ့ တီထွင်နိုင်စွမ်းရှိသူဖြစ်ပါတယ်. သူက လိင်တူချစ်သူအဖြစ်ပါဝင်လာမှာလည်းဖြစ်ပါတယ်



Ajak

Polaria မှာမွေးဖွားခဲ့သူဖြစ်ပြီး Eternals အဖွဲ့ရဲ့ အမျှော်အမြင်ရှိသူ ဦးဆောင်သူထဲမှာပါဝင်ပါတယ်.
သူဟာ Secret Invasion မှာ Skrull တွေကို ဝိုင်းဝန်းကူညီတိုက်ထုပ်ခဲ့သူလဲဖြစ်ပါတယ်. 


Spirite

တစ်သက်လုံးကလေးပဲဖြစ်နေတဲ့ Eternals တစ်ယောက်ဖြစ်ပါတယ်. နစ်ပေါင်းများစွာဇာတ်မြုတ်ပြီး အားလုံးမေ့ရော့နေကြတဲ့ အချိန် သူဟာ Eternals တစ်ယောက်ဆိုတာကို မေ့မသွားပဲ ကျန်တဲ့သူတွေကိုပါ ပုံးအောင်းနေရာကနေ ခေါ်ထုပ်ခဲ့တဲ့သူပဲဖြစ်ပါတယ်.


Gilgamesh

Gilgamesh ကို The forgotten one လို့လည်းခေါ်ပါတယ်. ကမ္ဘာကိုဖျက်ဆီးဖို့ကျန်ရွယ်လာတဲ့ Celestial တွေကို Thor, Hercules အပါအဝင် ကျန်တဲ့ ဟီရိုးတွေနဲ့ပေါင်းပြီးတားဆီးနိုင်တဲ့သူဖြစ်ပါတယ်.


Druig

Ikaris နဲ့ ညီအကိုဝမ်းကွဲ ဖြစ်ပါတယ်. လူတွေကို နိပ်ဆက်ရတာကို ခုံမင်တဲ့သူဖြစ်ပြီး Russia KGB တစ်ယောက် အနေနဲ့ တာဝန်ယူခဲ့သူ ဖြစ်ပါတယ်.

Post a Comment

Previous Post Next Post