THANOS ငယ်ဘဝ

Titan ဂြိုလ်ရဲ့အစ

Titan ဂြိုလ်ဟာ စေတန်ဂြိုလ်ရဲ့ လတစ်စင်းဖြစ်ပါတယ်. Titan ဂြိုလ်ရဲ့ ရာသီဥတုဟာ ကမ္ဘာမြေရဲ့ရာသီဥတုနဲ့ အတော်လေးကိုက်ညီပါတယ်. ဒါကြောင့်မို့လို့ စစ်ရှုံးပြီး ကမ္ဘာပေါ်ကနေထွက်ခွာကာ တခြားဂြိုလ်မှာနေစရာရှာဖို့လိုလာတဲ့  Eternal တွေအတွက်တော့ Titan ဂြိုလ်ဟာ ခြေချစရာနေရာကောင်းတစ်ခု ဖြစ်လာပါတယ်.


Thanos မွေးဖွားလာခြင်း

ကမ္ဘာမြေပေါ်မှာ ခေါင်းဆောင်နေရာလုရင်း ရှုံးနိမ့်လို့ ထွက်ခွာလာခဲ့ရတဲ့ Eternal တစ်​ယောက်ဖြစ်တဲ့ A'lars ဟာ Titan ဂြိုလ်ပေါ်မှာ Sui-San နဲ့ဖူးစာဆုံခဲ့ပါတယ်. A'lars နဲ့ Sui-San တို့​ဟာ တစ်နေ့မှာ ကလေးတစ်ယောက်မွေးဖွားလာခဲ့ပါတယ်. ကံမကောင်းစွာနဲ့ပဲ ကလေးဆီမှာ တိမ်မြုတ်ပျောက်ကွယ်နေတဲ့ Deviants မျိုးဗီဆလက္ခဏာတွေပါလာခဲ့ပါတယ်.

Deviant မျိုးဗီဆကြောင့်ကျန်တဲ့ Titan ဂြိုလ်ပေါ်ကလူများနဲ့ မတူပဲ ရုပ်ဆိုးပြီး ပုံပျက်နေတဲ့ ကလေးကိုကြည့်ပြီး အားလုံးဟာ ထိတ်လန့်နေခဲ့ကြပါတယ်. ဒါဟာဘာကြောင့်လဲဆိုတာကို ဆရာဝန်တွေက အဖြေရှာဖို့ကြိုးစားခဲ့ကြပေမယ့် Titan ဂြိုလ်ရဲ့ ခေါင်းဆောင်လဲဖြစ်သလို ကလေးရဲ့အဖေလဲဖြစ်တဲ့ A'lars ကခွင့်မပြုခဲ့ပါဘူး. A'lars ကတော့ သူရဲ့သားကို အလွန်ချစ်ခဲ့ပါတယ်.

မီးဖွားပြီးလို့ အနားယူနေတဲ့အမေဆီကို ကလေးကို ယူသွားပြီးပြတဲ့ အခါမှာတော့ Sui San အတွက် ထိပ်လန့်စရာဖြစ်ခဲ့ပါတယ်.

Sui San အတွက်တော့ ဒါဟာ ​ရှက်ဖို့လဲကောင်းသလို ကြောက်ဖို့လဲကောင်းပါတယ်. Sui San ဟာ သူ့ကလေးဟာတစ်နေ့မှာ လူသားအားလုံးကို ဒုက္ခပေးမည့်သူဖြစ်လာမယ်ဆိုတာသိနေခဲ့ပါတယ်. ဒါကြောင့်မို့လို့ သူဟာ သူ့ရဲ့ရင်သွေး Thanos ကိုသတ်ပြစ်ဖို့အထိ ကြံရွယ်ခဲ့ပါတယ်. ဒါပေမယ့် ဖခင်ဖြစ်သူ A'lars ကတော့ ဒါကိုခွင့်မပြုခဲ့ပါဘူး. Sui San သာစိတ်ကျန်းမာရေးဆေးရုံကို ရောက်သွားခဲ့ပါတယ်.
 

Thanos သိပ္ပံပညာကို စတင်လေ့လာချင်း

Thanos ကျောင်းနေအရွယ်ကို ရောက်လာတဲ့အခါမှာလည်း အားလုံးထဲမှာ ကွဲထွက်နေတဲ့ သူ့ရဲ့ရုပ်ရည်ကြောင့် အပေါင်းအသင်းရဖို့ခက်ခဲပါတယ်. 

ဒါပေမယ့်သူ့ဟာ သူများတွေကစားနေတာကို ကြည့်ရင်းနဲ့ပဲ စာပေကို အရမ်းအားထုပ်လေ့လာပါတော့တယ်. သူအဓိကစိတ်ဝင်စားတာကတော့ သတ္တဝါတွေရဲ့မျိုးဗီဆအကြောင်းပါ. သူရဲ့ရည်ရွယ်ချက်ကတော့ သူ့အဖေ A'lars လို အရမ်းတော်တဲ့ သိပ္ပံ ပညာရှင်တစ်ယောက်ဖြစ်ဖို့အတွက်ပါ.

ဒါကြောင့်နောက်ပိုင်းမှာတော့သူဟာ အရမ်းတော်တဲ့ကျောင်းသားတစ်ယောက်ဖြစ်လာပြီး ကျောင်းမှာလဲ နာမည်ကြီးလာပါတယ်. သူအတွက်လဲ သူငယ်ချင်းအပေါင်းအသင်းပိုဝင်ဆံလာခဲ့ပါတယ်.


သူ့ဟာဘာကြောင့် ကွဲထွက်နေတာလဲ

ထူးချွန်တဲ့ Thanos အတွက် အဖြေမရှာနိုင်ခဲ့တဲ့ ပုစ္ဆာတစ်ခုကတော့ အမြဲရှိနေခဲ့ပါတယ်. အဲတာကတော့ သူဟာ ဘာလို့သူများတွေနဲ့ ကွဲထွက်နေတာလဲဆိုတာပါပဲ. သူ့အဖေ ကိုမေးဖို့ကြိုးစားပေမယ့်လဲ A'lars က အမြဲရှောင်ဖယ်နေခဲ့ပါတယ်. ဆေးရုံမှာရှိနေတဲ့ အမေဟာလဲ သူ့ကိုစကားတစ်လုံးမှ မ​ပြောပဲ ရှောင်ဖယ်နေခဲ့ပါတယ်.




အေးစက်စက်ကျောင်းသူ သူငယ်ချင်းအသစ်

Thanos ရဲ့ကျောင်းစာသင်ခန်းထဲမှာ အေးစက်စက်နေတတ်တဲ့ ကျောင်းသူ​တစ်ယောက်ရှိပါတယ်. သူဟာအနက်ရောင်ကို အမြဲလိုလိုဝတ်ဆင်တတ်ပြီး သူဟာ Thanos ကိုအမြဲစောင့်ကြည့်နေတတ်ပါတယ်. 

တစ်​နေ့ကျောင်းမှာ တရိစ္ဆာန်​တစ်ကောင်ကို ခွဲစိတ်ရင်းနဲ့ Thanos ဟာ မခံနိုင်တော့ပဲ ကျောင်းအပြင်ကို ထွက်ကာ ပျို့အန်နေခဲ့ပါတယ်
အဲဒီကျောင်းသူဟာ Thanos နောက်ကိုလိုက်လာခဲ့ပြီး အလေ့အကျင့်များလာရင် ကျင့်သွားရသွားမှာဖြစ်တယ်လို့ အားပေးခဲ့ပါတယ်. အဲဒီကနေစပြီး Thanos နဲ့ ထူးဆန်းတဲ့ကျောင်းသူဟာ ခင်မင်ရင်းနှီးလာခဲ့ပါတယ်.


သတ်ဖြတ်ခြင်းအရသာ

အဲဒီကျောင်းသူမိန်းခလေးက တရိစ္ဆာန်တွေကိုသတ်ဖြတ်ခွဲစိတ်တာကို မြန်မြန်အလေ့အကျင့်ရချင်ရင်တော့ သူသွားနေကျ လျို့ဝှက်ဂူတစ်ဂူရှိကြောင်း အဲဒီကို သွားလေ့လာသင့်ကြောင်း Thanos ကိုလမ်းညွှန်လိုက်ပါတယ်.

Thanos ကသူ့ရဲ့ သူငယ်ချင်းတွေနဲ့ ဂူထဲကို သွားလေ့လာတဲ့ အခါမှာတော့ ဂူထဲမှာ ထူးဆန်းတဲ့ သတ္တဝါတွေကိုတွေ့ပြီး အဲဒီသတ္တဝါတွေက သူ့ရဲ့သူငယ်ချင်းတွေကို သတ်ဖြတ်စားသောက်လိုက်ပါတော့တယ်.
Thanos ကိုတော့ ထူးဆန်းတဲ့ သူ့ရဲ့မျိုးဗီဆကြောင့် သတ္တဝါတွေက မထိပဲပြန်လွှတ်လိုက်ပါတယ်.

မြိို့ပေါ်မှာတော့ တခြားသူတွေက ဒီဖြစ်ရပ်ကို မယုံကြည်ကြပါဘူး. Thanos ကသူငယ်ချင်းတွေကို သတ်ဖြတ်လိုက်တယ်လို့ထင်နေကြပါတယ်.

သူရဲ့ သူငယ်ချင်းကျောင်းသူကတော့ Thanos အနေနဲ့သူငယ်ချင်းတွေအတွက် လက်စားချေသင့်ကြောင်း သတ္တဝါတွေကို ပြန်သတ်သင့်ကြောင်း ပြောတဲ့ အခါ Thanos ဟာ ဂူထဲတစ်ခေါက်ပြန်သွားပြီး ဂူထဲကသတ္တဝါတွေကို ဒေါသတကြီးနဲ့ အကုန်သတ်ပြစ်လိုက်ပါတယ်. 

Thanos ဟာ အဲဒီအချိန်ထဲက သတ်ဖြတ်ခြင်းကို စိတ်မှာ စတင်ဆွဲလန်းနေခဲ့ပြီဖြစ်ပါတယ်.


အရွယ်ရောက်လာသောအခါ

ဒီလိုနဲ့ Thanos အရွယ်ရောက်လာတဲ့ အခါမှာ သူဟာ သတ္တဝါတွေကို ခွဲစိတ်ပြီးလေ့လာရတာကို ပိုပြီးမြတ်နိုးလာပါတယ်. အဲဒီကနေပြီး သူ့ရဲ့ကွဲလွဲနေတဲ့ မျိုးဗီဆကို သိရှိနိုင်မယ်လို့လည်း ယုံကြည်နေခဲ့ပါတယ်.

ကျောင်းကသင်တာကို အားမရနိုင်တဲ့အဆုံး ကိုယ့်ပါကို လျို့ဝှက် စမ်းသပ်ခန်းတစ်ခု တည်ဆောက်ပြီး သတ္တဝါတွေကိုအရှင်လတ်လတ် ခွဲစိတ်လေ့လာပါတော့တယ်. တစ်နေ့မှတော့ာ Titan ဂြိုလ်ရဲ့လူများထဲကစုံတွဲတစ်တွဲကို ဖမ်းဆီးကာ အရှင်လတ်လတ် ခွဲစိတ်ပြီးလေ့လာပါတော့တယ်.

မြို့ပေါ်ကလည်း ဒီစုံတွဲပျောက်သွားတာကို သတိထားမိလာပါတယ်. အဲဒီထက်ပိုဆိုးတာက ဒီစုံတွဲအသတ်ခံရတယ်ဆိုတာ သိနေကြတဲ့ အတွက် လူသတ်မှု မဖြစ်ဘူးတဲ့ Titan ဂြိုလ်အတွက်တော့ ထိတ်လန့်စရာဖြစ်လာပါတယ်.
အားလုံးထိတ်လန့်နေကြသလိုပဲ တစ်နေ့တခြား Titan ဂြိုလ်ပေါ်ကလူတွေဟာပိုပိုပြီး ပျောက်ပျောက်လာပါတယ်.


အမေရဲ့ပြောစကားကြောင့် နောင်တရသူ

နစ်ပေါင်းများစွား အရူးထောင်မှာမေခဲ့ရတဲ့ Thanos ရဲ့အမေ Sui San ဟာ အိမ်ကိုပြန်ရောက်လာခဲ့ပါတယ်. သူပြန်ရောက်လာတဲ့ အခါ Thanos နဲ့ အတူတူ ထိုင်နေရင်းက ပထမဆုံးအကြိမ်အဖြစ်စကားပြောလာပါတယ်. ဒါဟာနစ်ပေါင်းများစွာအတွင်းမှာ ပထမဆုံးအဖြစ် Thanos ကို စကားပြောတာလဲဖြစ်ပါတယ်.

သူ​က Thanos ဟာဘယ်လိုလူဆိုတာသိကြောင်း ဘယ်လောက်အထိဆိုးသွမ်းမယ်ဆိုတာ သိကြောင်းပြောပါတယ်.

သူကိုယ်သူထိတ်လန့်နေတဲ့ Thanos ဟူသူရဲ့ စမ်းသပ်ချက်တွေကို ဆက်မလုပ်တော့ဖို့ဆုံးဖြတ်ပြီး စမ်းသပ်ခန်းကို ပိတ်လိုက်ပါတယ်. သူကြောင့်သေဆုံးသူတွေကိုလဲ နောက်ဆုံးအဖြစ်မြေမြုတ်လိုက်ပါတယ်. 


ရူးသွတ်စွာသတ်ဖြတ်မှုကိုစတင်ခြင်း

သူရဲ့သူငယ်ချင်းကောင်မလေးဟာ သူရဲ့နောင်တဟာ ခဏသာခံမှာဖြစ်ကြောင်း Thanos ဟာ သတ်ဖြတ််ချင်းကို ခုံမင်နစ်သက်မှုဟာ သူရဲ့ အသွေးအသားဖြစ်ကြောင်းပြောတဲ့ အခါ Thanos ဟာ အရမ်းစိတ်ဆိုးခဲ့ပါတယ်. သူဟာ သိပ္ပံပညာရှင်သာဖြစ်ပြီး ဒါမျိုးထပ်မလုပ်တော့ဘူးလို့ သူ့ကိုယ်သူကတိခံပါတယ်.

ဒါပေမယ့် တကယ်တန်းမှာတော့ သိပ်မကြာခင်မှာပဲ နောက်တစ်ကြိမ်ကျူးလွန်မိပြန်လို့ သူ့ရဲ့သားကောင်က်ိုထပ်ပြီးမြေမြုတ်ရပြန်ပါတယ်. 
သူငယ်ချင်းမိန်ခ​​​လေးကိုလည်းသူဟာ ရက်စက်မှုကို ခုံမင်သူဆိုတာဝန်ခံပြီး သူကိုနားလည်ပေးနိုင်တာ သူမသာရှိကြောင်းဝန်ခံပြီး လူတွေဆက်တိုက်သတ်ပါတော့တယ်.
တနေ့မှာ မိန်းခလေးကို Thanos ကချစ်မိနေကြောင်းဖွင့်ဆိုပြီး ပွေ့ဖက်ဖို့ကြိုးစားတဲ့ အခါမှာတော့ မိန်းခလေးဟာ Thanos ဟာပျော့ညံသူသာဖြစ်ကြောင်းသူနဲ့မတန်ကြောင်း. သူအချစ်ကိုလိုချင်ရင် ဒီထက်အများကြီးသက်သေပြရဦးမှာဖြစ်ကြောင်းပြောဆိုကာ ပျောက်ကွယ်သွားပါတော့တယ်.

အဲဒီနေ့မှာပဲ Thanos ဟာ ပထမဆုံးသူအတွက် အတားအဆီးဖြစ်စေခဲ့တဲ့ သူ့ကိုသတ်ဖို့အထိကျန်ရွယ်ခဲ့တဲ့ သူ့ရဲ့အမေ Sui San ကို စမ်းသတ်ခန်းထဲမှာ သတ်ဖြစ်ခဲ့ပါတယ်. အဲဒီအချိန်ကနေစတင်ကာ Thanos ဟာ သူငယ်ချင်းမိန်းခလေးအဖြစ်​အယောင်ဆောင်ခဲ့တဲ့ Empress of Death (သေချင်းနတ်သမီး)ရဲ့ အထင်ကြီးကျေနပ်မှုရအောင် အကြီးအကျယ်ရက်စက်တတ်တဲ့ သတ်ဖြစ်သူ တစ်​ယောက်ဖြစ်လာပါတော့တယ်.


Post a Comment

Previous Post Next Post