Celestials စကြာဝဠာနတ်ဘုရားများ

အချိန်များရဲ့အစမှာ စကြာဝဠာဆိုတာ တစ်ခုသာရှိခဲ့ပါတယ်. First Firmament ဆိုတာကတော့ စကြာဝဠာကို ကိုယ်စားပြုသလို စကြာဝဠာကိုယ်တိုင်လဲဖြစ်ပါတယ်.
အဆုံးမရှိကြာညောင်းတဲ့ကာလတွေဟာ ပျင်းရိခြင်းကိုဖြစ်စေခဲ့သလို. ပျင်းရိခြင်းဟာလည်း သက်ရှိတွေကိုဖန်တီးစေခဲ့တဲ့ တွန်းအားဖြစ်ခဲ့ပါတယ်.
First Firmament ဟာကြယ်တွေလို များပြားလှတဲ့ Aspirants နဲ့ Celestials တွေကိုဖန်တီးခဲ့ပါတယ်. 


စကြာဝဠာရဲ့ ပထမဆုံးစစ်ပွဲ

First Firmament ကိုယုံကြည်ကိုးကွယ်သူ အနက်ရောင် Aspirants​ တွေကတစ်ဘက်. အရောင်အသွေးမျိုးစုံရှိပြီး ကိုယ်တိုင်သက်ရှိများ ဖန်တီးရခြင်းကို အားရသူ First Firmament ကိုမယုံကြည်တဲ့ Celestial များကတစ်ဘက် ဖြစ်ကြတဲ့တိုက်ပွဲဟာ စကြာဝဠာအတွက် ပြင်းထန်တဲ့ ပထမဆုံးတိုက်ပွဲဖြစ်ပါတယ်.


Aspirants တွေဟာ God Killer လက်နက်ကို တီထွင်ခဲ့ပြီး ဘီလီယံနဲ့ချီတဲ့ Celestials များကို မျိုးတုံးကာနီးအထိချေမှုန်းခဲ့ကြပါတယ်. 
ဒါပေမယ့် မမျှော်လင့်ပဲ ပေါ်ပေါက်လာတဲ့ Aspirant တွေ အချင်းချင်းဖြစ်ကြတဲ့စစ်ဟာ Celestial တွေအတွက်တော့ စကြာဝဠာစစ်ပွဲမှာ သိသိသာသာ အားသာသွားစေခဲ့ပါတယ်.



  • စကြာဝဠာရဲ့ အရှင်သခင်အသစ်များ

    Celestials များဟာ Aspirants တွေကိုသာမကပဲ First Firmament ကိုပါတွန်းလှန်နိုင်ခဲ့ပြီး စကြာဝဠာရဲ့ အရှင်သခင်နေရာကို ယူနိုင်ခဲ့ကြပါတယ်.

    ထို့နောက် Celestials များဟာ သူတို့ရဲ့ စိတ်ကြိုက် သက်ရှိများအပါအဝင် ဖန်တီးမှုများကို မရေမတွက်နိုင်အောင် ပြုလုပ်ကြပါတော့တယ်.

    ဒါကြောင့် Celestials များဟာ စကြာဝဠာအတွင်းက သက်ရှိတွေအားလုံးဖြစ်တည်လာမှုအတွက် အရေးပါတဲ့ အခန်းကဏ္ဍက ကပါဝင်နေပြီး ဖြစ်ခဲ့ သမျသောဖြစ်ရပ်အားလုံးဟာလဲ Celestials များရဲ့ပါဝင်ပါတ်သတ်မှု မကင်းဘူးလို့ပြောရပါမယ်.

    First Firmament ကတော့ လက်ရှိ စကြာဝဠာကနေထွက်ခွာခဲ့ပြီး နောက်ထပ်စကြာဝဠာတွေ တည်ဆောက်ခဲ့ပါတယ်. ဒါဟာ (Mutiverse) စကြာဝဠာပေါင်းများစွာဖြစ်တည်စေခဲ့တဲ့ အကြောင်းအရင်းအစလဲဖြစ်ပါတယ်.


    ကမ္ဘာပေါ်သို့လာရောက်ခဲ့ခြင်းများ

    Celestial များဟာကမ္ဘာပေါ်ကို ငါးကြိမ်လာရောက်ခဲ့ကြပါတယ်. Celestials များလာရောက်ခဲ့ခြင်းဟာ ခေါတ်အဆက်တက် ကမ္ဘာပေါ်က ဖြစ်စဥ်များအပေါ် ပြောင်းလဲမှုပေါင်းများစွာ သက်ရောက်စေခဲ့ပါတယ်.


    ပထမအကြိမ် (First Host )

    (Creation of Eternals, Deviants, X-men)

    Celestials တွေပထမအကြိမ်လာရောက်တဲ့အချိန်ဟာ ကျောက်ခေတ်သာရှိပါသေးတယ်. Celestials များက လူသားများအပေါ်မျိုးရိုးဗီဆအပိုင်းတွေကို စမ်းသပ်ချက်တွေပြုလုပ်ခဲ့ပြီး လူသားမှတဆင့် နတ်ဘုရားတွေလို အစွမ်းထက်တဲ့ Eternals နဲ့ Deviants တွေကိုမွေးဖွားစေခဲ့ပါတယ်.


    သူတို့ရဲ့ စမ်းသပ်ချက်တွေကနေ X-Gene များဟာလဲလူသားမျိုးနွယ်ထဲမှာ ကိန်းအောင်းလာခဲ့ပါတယ်. X-Gene များဟာ X-Men များကိုမွေးဖွားလာစေခဲ့တာကြောင့် X-Men များရဲ့အစဟာလည်း Celestial များဖြစ်တယ်ဆိုရမှာဖြစ်ပါတယ်.


    ဒုတိယအကြိမ် (Second Host) Great Catcalysm

    လွန်ခဲ့သော နစ်ပေါင်း ၂၁၀၀၀ က ကမ္ဘာပေါ်မှာ Devient များဟာ Eternal များထက် အဆပေါင်းများစွာ အကြီးအကျယ် ပြန့်ပွားနေပြီး လူတွေကို သူတို့ရဲ့တိုးတက်တဲ့ နည်းပညာများနဲ့ အုပ်စိုးထားပါတယ်. Celestials များဒုတိယအကြိမ်ပြန်ရောက်လာတဲ့အခါမှာတော့ Devi​ant များအုပ်စိုးထားတဲ့ Lemuria ကိုရေအောက်ကို နှစ်မြုတ်ကာပျက်ဆီးစေခဲ့ပါတယ်.

    Lemuria နဲ့အတူထိစပ်နေတဲ့ Altalantis ဟာလဲ ထိုအချိန်ကစပြီးရေအောက်ကို နစ်မြုတ်သွားခဲ့ပါတယ်. ထို့အပြင် ကမ္ဘာ့နေရာ တော်တော်များများက လူတွေရဲ့ နေရာများဟာလည်း ရေလွှမ်းခြင်းကိုခံခဲ့ရပါတယ်.


    တတိယအကြိမ် (Third Host)

    Celestials တွေဟာ ကမ္ဘာပေါ်ကို အကြိမ်ကြိမ်အခါခါလာပြီး သက်ရှိများရဲ့ဖြစ်စဥ်များကို ချယ်လှယ်နေတာကို မကြည့်ရက်နိုင်တဲ့ Odin ဟာ Zeus အပါအဝင် ကောင်းကင်နတ်ဘုရားများကိုစုစည်းပြီး Celestials များလာရောက်ချင်းကိုတားခဲ့ကြပါတယ်. 

    ဒါပေမယ့် စကြာဝဠာရဲ့ နတ်ဘုရားတွေဖြစ်တဲ့ Celestials တွေကို မနိုင်ခဲ့ကြပါဘူး.
    Celestial များဟာ ကမ္ဘာကိုနောက်ထပ်နစ်တစ်ထောင်မှာ နောက်ထပ်လာပြီးစစ်ဆေးမှာဖြစ်ကြောင်းသတိပေးပြီး ထွက်ခွာသွားခဲ့ပါတယ်.


    စတုတ္ထအကြိမ် (Fourth Host)

    တစ်ခါရှုံးနိမ့်ထားတဲ့ ကောင်းကင်နတ်ဘုရားများက ဒီအကြိမ်မှာ အရင်ကထက်ပိုပြီးရှုပ်ထွေးတဲ့ အစီအမံများနဲ့ တိုက်ခိုက်ခဲ့ကြပါတယ်.
    Odinsword, Destroyer Armour များကိုလည်းသုံးခဲ့ကြပါတယ်.
    ဒါပေမယ့် Celestials များကြောင့် Destroyer Armour ဟာအရည်ပျော်ခဲ့ပြီး Asgardian Force များဟာလည်း ပျက်ဆီးဆုံးရှုံးခဲ့ရပါတယ်.

    အ​​ခြေအနေမကောင်းတဲ့ ကမ္ဘာမြေအတွက် Hela နဲ့ Frigga တို့ဟာ Celestial များနဲ့ အပေးအယူလုပ်ခဲ့ကြပါတယ်. ကမ္ဘာအရပ်ဒေသအသီသီးက အကောင်းဆုံးလူ တဆယ့်နစ်ယောက်ကို Celestials များကို ပေးခဲ့ရပြီး ကမ္ဘာကို မဖျက်စီးဖို့ သဘောတူညီချက်ရခဲ့ပါတယ်.

    Celestial များဟာ ကမ္ဘာနည်းတူ တခြားဂြိုလ်များကို ဘယ်လိုဖျက်ဆီးတယ်ဆိုတာကို Thor ကိုကြည့်ရှုစေခဲ့ပါတယ်. Arishem the Judge ဟာဂြိုလ်တစ်ခုကို မကောင်းတာတွေပဲ စုဝေးနေတယ်လို့ ဆုံးဖြတ်တယ်ဆိုရင် အဲဒီဂြိုလ်တစ်ခုလုံးကို Exitar the Exterminator ကို အမိန့်ပေးကာ ဖျက်ဆီးစေပါတယ်.

    ထို့နောက် သူတို့ဟာ လူသားများရဲ့ မှတ်ဉာဏ်ကနေ Celestial များရှိတယ်ဆိုတာကို ဖယ်ရှားစေခဲ့ပြီး ကမ္ဘာကနေထွက်ခွာသွားပါတော့​တယ်.

    Post a Comment

    Previous Post Next Post