Comic ထဲက KREE ရာဇဝင်

Kree ဆိုတာ Marvel ပရိတ်သတ်အတွက်တော့ ရင်းနှီးပြီးသားဖြစ်မှာပါ။ ဒါပေမယ့် Kree တွေဘယ်ကဘယ်လိုစပြီး ပေါ်ပေါက်လာတယ် ဘယ်လိုဖြတ်သန်းလာတယ်ဆိုတာ Comic မှာပဲ ပါတာဖြစ်တဲ့အတွက် Comic ဖတ်လေ့မရှိတဲ့ ပရိတ်သတ်တွေအတွက် ဒီအကြောင်းကိုရေးသား တင်ဆက်ပေးလိုက်ပါတယ်။ 


KREE သမိုင်းကြောင်း

Marvel Comic ရာဇဝင်ကိုပြန်ကြည့်ရင် Kree တွေကို 1967 ခုနစ်ကထွက်ခဲ့တဲ့ Fantastic Four စာအုပ်များထဲမှာ စပြီးအသက်သွင်းလာခဲ့ကြတာပါ။

Marvel ရဲ့ နေရာပေါင်းစုံမှာ Kree တွေဟာ အများအားဖြင့် နယ်ချဲ့ဖို့ကို အချိန်ပြည့်ကြိုးစားနေတဲ့ ဗီလိန်တွေနေရာကနေ ပါဝင်နေတာကို တွေ့ရမှာပါ။
ဒါပေမယ့် တကယ်တမ်း အစပထမမှာ မှာသူတို့ဟာ ငြိမ်းချမ်းတဲ့သူတွေအဖြစ်မွေးဖွားလာခဲ့ကြတာပါ။


ထွက်ခဲ့ပြီးတဲ့စာအုပ်တွေအရ

Xorrians တွေက Kree တွေကို သူတို့ရဲ့ DNA ကိုသုံးပြီး ဖန်တီးခဲ့ကြတာဖြစ်ပါတယ်။
လွန်ခဲ့တဲ့ နစ်သန်းခြောက်ဆယ်လောက်က စပြီး Skrull မျိုးနွယ်တို့ လူသားမျိုးနွယ်တို့နဲ့ အတူ Kree တွေကို ဖန်တီးခဲ့ကြပါတယ်။
Kree တွေက အစပိုင်းမှာ Hala ဆိုတဲ့ ဂြိုလ်မှာ နေခဲ့ပါတယ်။
Hala ပေါ်မှာ သူတို့နဲ့ အတူ Cotati လို့ခေါ်တဲ့ သစ်ပင်နဲ့တူတဲ့မျိုးနွယ်နဲ့ အတူတကွငြိမ်းချမ်းစွာ နေခဲ့ကြပါတယ်။



Skull တွေရောက်သောအခါ

ဒီလိုနဲနေရင်း တစ်နေ့တော့ သူတို့ ဆီကို Skrull မျိုးနွယ်တွေရောက်လာခဲ့ပါတယ်

ဒီအချိန်မှာ အရမ်းတိုးတက်နေပြီ ဖြစ်တဲ့ Skrull တွေက Hala ဂြိုလ်ပေါ်မှနေထိုင်နေတဲ့ Kree နဲ့ Cotati မျိုးနွယ်စုနစ်ခုကို သူတို့ထဲက မျိုးနွယ်တစ်စုကသာ Hala ဂြိုလ်ကို အုပ်ချုပ်သင့်တယ်လို့ဆိုပြီး သူတို့ကို အပြာရောင်လကမ္ဘာပေါ်မှာ မြို့တက်ဆောက်ခိုင်းပြီး ယှဥ်ပြိုင်စေခဲ့ပါတယ်

အပြာရောင်လပေါ်ကပြန်လာချိန်မှာ Cotati ကိုအနိုင်ပေးလိုက်တဲ့အခါ Kree တွေက မကျေနပ်ကြတဲ့ အတွက် Kree နဲ့ Skrull ကြားမှာ ကြီးကျယ်တဲ့တိုက်ပွဲ တစ်ခုစပြီးဖြစ်ပေါ်လာပါတော့တယ်။

Hala ပေါ်ကိုက်ပွဲမှာတော့ Kree တွေအနိုင်ရခဲ့ပါတယ်


အနိုင်ရပြီးနောက်ပိုင်း

တိုက်ပွဲမှာအနိုင်ရတဲ့ Kree တွေက Hala ကိုအပိုင်သိမ်းပြီးတဲ့ အချိန်ကစပြီး သူတို့သိမ်းဆည်းရမိလိုက်တဲ့ Skrull နည်းပညာတွေကိုလေ့လာကာနောက်ပိုင်းမှာ အရှိန်အဟုန်နဲ့ တိုးတက်လာခဲ့ပါတယ်။

တိုးတက်​လာတာနဲ့ တပြိုင်နက်တည်း Universe တစ်ခုလုံးကိုလည်း နယ်ချဲ့လာခဲ့ပါတော့တယ်

Kree တွေကပဲ Inhuman လို့ခေါ်တဲ့ စူပါပါဝါရှိတဲ့မျိုးနွယ်ကို လူသားတွေမျိုးနွယ်ကတဆင့် တီထွင်ခဲ့ပါတယ်


Supreme Intelligent ကိုတီထွင်

ကိုယ့်ကိုကို ခေါတ်နောက်ကျကျန်ခဲ့တယ်ထင်တဲ့ Kree တွေဟာကျန်တဲ့မျိုးနွယ်တွေကို အမှီလိုက်ဖို့ Supreme Intelligent လို့ခေါ်တဲ့ ကွန်ပြူတာ စနစ်ကို လည်းတီထွင်ခဲ့ပါတယ် 


အဲဒီစံနစ်ကြောင့်ပဲ Kree ကိုးဆယ်ရာနှုန်းလောက်အသတ်ခံရပြီး ကျန်ခဲ့တဲ့ kree တွေကတော့ Ruul တွေအဖြစ် evolution ဖြစ်ပြီး ပိုသန်မာလာခဲ့ပါတယ်

သူတို့ဟာ အပြာရောင် အသားအရေ ရှိတာကလွဲရင် လူတွေနဲ့ တော်တော်လေးဆင်တူပြီး လူတွေထက်နစ်ဆလောက်သန်မာကြပါတယ်


သူတို့က ပါတ်ဝန်းကျင် ​အပေါ်ကိုလိုက်ပြီး အဆင်ပြေအောင် ပြောင်းလဲနိုင်စွမ်းလည်းရှိလို့ ကုန်းရော လေရော ရေထဲရောမှာ အဆင်ပြေ​ပြေနေနိုင်ကြပါတယ်


MCU အတွက် ပထမဆုံး တွေ့ကြုံခဲ့ရတဲ့ KREE

MCU မှာပထမဆုံး ရင်းနှိးခဲ့ရတဲ့ Kree ကတော့ Gardianof Galaxy ဇာတ်လမ်းထဲကက ဗီလိန် Ronan The Accuser နဲ့ Korag The Pursuer တို့ပဲဖြစ်ပါတယ်။


ဒုတိယအနေနဲ့ အများဆုံးတွေ့ ခဲ့ရတဲ့နေရာ

နောက်ထပ်အများဆုံးအနေနဲ့ တွေ့ရတာကတော့ Captain Marvel ဇာတ်လမ်းထဲမှာပါ။

Captain Marvel ကိုယ်တိုင်က Kree စစ်တပ်ရဲ့ ဗိုလ်ကြီးတစ်ယောက် အနေနဲ့ပါဝင်ခဲ့ပါတယ်။


Agent of S.H.I.E.L.D ​ထဲက KREE 

2013 ခုနစ်က စပြီးပြသခဲ့တဲ့ Agents of shield ဇာတ်လမ်းတွဲမှာ လည်း Kree အကြောင်းဟာ မကြာခဏပါဝင်ပါတယ်။


နောက်ပိုင်းမှာရော ဘယ်လောက်အထိဆက်ပါလာဦးမှာလည်း?

ကြားနေရတဲ့ သီတင်းတွေအရ MCU အနေနဲ့ နောက်လာမယ့် Phase 4ဇာတ်လမ်းတွေမှာ လည်း Kree နဲ့ပါတ်သတ်တာတွေ ထည့်သွင်းသွားဖို့ Plan ရှိနေပါတယ်။

Spiderman: Far From Home ရဲ့ Credit Scene ထဲမှာလည်း Nick Fury နေရာမှာ သရုပ်ဆောင်နေတဲ့ Talos က ကမ္ဘာပေါ်မှာ Kree တွေရောက်နေကြောင်းကိုပြောသွားပါတယ်။

ဒါကြောင့်မို့လို့ Marvel ရဲ့နောက်ပိုင်းဇာတ်လမ်းတွေမှာလည်း Kree တွေဟာနေရာမျိုးစုံမှာ အခန်းကဏ္ဍမျိုးစုံနဲ့ ပါဝင်လာမယ်လို့ယူဆရပါတယ်။

အဲဒီအကြောင်းအသေးစိတ်ကိုတော့ အောက်ကလင့်မှာ ပိုပြီးပြည်ဆုံအောင်ဖတ်ကြည့်နိုင်ပါတယ်



1 Comments

Post a Comment

Previous Post Next Post