Weapon X

Weapon X လို့ဆိုလိုက်တာနဲ့ အားလုံးက Wolverine ကြီးကိုပဲ ပြေးမြင်ကြမှာပါ။
တကယ်တမ်းတော့ Weapon X က အဲဒီထက်အများကြီးကျယ်ပြန့်ပါတယ်။


Weapon Plus Program

Weapon X Program ဟာ Weapon Plus Program ကနေခွဲထွက်သွားခဲ့တာပါ။
Weapon Plus Program ဆိုတာကတော့ American စစ်တပ်ရဲ့ Super Soldier တွေကိုမွေးထုပ်ပေးတဲ့ စမ်းသပ်ချက်ပဲဖြစ်ပါတယ်.

Weapon 0 ကနေ စတင်ပြီး စမ်းသပ်လာတာ အားလုံးပေါင်း Weapon 16 အထိ ၁၇ ယောက်ရှိပါတယ်။


Weapon 1 ကဘယ်သူလဲ ?

Weapon X Program လို့ပြောလိုက်ရင် Wolverine နဲ့ Deadpool ကိုတော့ရုပ်ရှင်ပရိတ်သတ်နဲ့က ရင်နှိးပြီးသား ဖြစ်ပေမယ့် တော်တော် များများသတိမထားခဲ့မိတာကတော့ Captain Ameria ဟာ Weapon 1 ဖြစ်တယ်ဆိုတာပါပဲ။

သူ့ထက်စောတာဆိုလို့ Weapon 0 ပဲရှိပါတယ်
Weapon 0 ကတော့ John Steele ဖြစ်ပြီးပထမကမ္ဘာစစ်မှာ သေဆုံးသွားခဲ့ပါတယ်။
သူ့ရဲ့ ရုပ်အလောင်းကို နာဇီတွေက ယူသွားခဲ့ပြီး သူတို့ကိုယ်တိုင် Super Soldier မွေးထုပ်ဖို့စမ်းသပ်ခဲ့ပါတယ်။


Wolverine or Weapon X

Wolverine က ဒီ Weapon Plus Program ရဲ့ 10 ယောက်မြောက်ဖြစ်လို့ Weapon 10 လို့နာမည်ပေးထားတာပါ။ X ဆိုတာ 10 ကိုပြောတာပါ။

Weapon 0 ကနေ စတင်ပြီး စမ်းသပ်လာတာ အားလုံးပေါင်း Weapon 16 အထိ (၁၇) ယောက်ရှိပါတယ်။ Wolverine ကိုစမ်းသပ်ချက်အပြီးမှာ American က Weapon X Program ကို ရပ်ဆိုင်းခဲ့ပါတယ်။


Deadpool or Weapon XI

Weapon Plus Program ကို American ကရပ်နားခဲ့ပြီးနောက်ပိုင်းမှာ Canadian Department K ကပြန်စတင်စမ်းသတ်ခဲ့ပါတယ်။

အသစ်စမ်းသပ်တဲ့ Project ကို Weapon X Project လို့စခေါ်ခဲ့ပြီ Wolverine ကိုပဲ လုံးလုံးလျားလျား အခြေပြုပြီးစမ်းသပ်ခဲ့ပါတယ်။ Deadpool ဟာ Canadian Department K ရဲ့အောင်မြင်ခဲ့တဲ့စမ်းသပ်ချက်ဖြစ်ခဲ့ပါတယ်။


X-23 New Wolverine

Weapon X 23 ကတော့ Wolverine ကိုစမ်းသပ်ပြီး Copy ပွားထားတဲ့ သူပဲဖြစ်ပါတယ်။ ၂၃ ယောက်မြောက်ဖြစ်လို့ X23 လို့နာမည်ပေးထားတာပါ။


သူ့ကိုအဓိကတီထွင်ခဲ့တာ Wolverine ကိုသုတ်သင်ဖို့ဖြစ်ပေမယ့် သွေးချင်းနီးတဲ့ သံယောဇဥ်ကြောင့် သားအဖလိုသာ ဖြစ်လာခဲ့ပြီးနောက်ပိုင်းမှာ Wolverine ကိုဆက်ခံတဲ့ အမျိုးသမီး Wolverine ဖြစ်လာခဲ့ပါတယ်။


စိတ်ဝင်စားစရာကောင်းတာတော့ X-23 ဟာ Weapon X Wolverine အစားနောက်ပိုင်းမှာ MCU မှာပါလာမယ်လို့ သီတင်းကြားနေရတယ်ဆိုတာပါပဲ


အခြား Weapon X ကထွက်လာတဲ့သူများ

တခြား Weapon Plus Project ကနေထွက်လာပြီး နံပါတ်မတတ်ထားတဲ့ သူတွေလဲ အများကြီးရှိပါသေးတယ်။ ဥပမာအားဖြင့် Hulk ဟာဆိုရင်လဲ Weapon Plus Project ထဲ မတော်တဆပါဝင်သွားခဲ့ရတဲ့ သူပဲဖြစ်ပါတယ်။ Wolverine ရဲ့အစ်ကို Sabretooth ဟာလဲ Weapon X program ကတစ်ယောက်ပါပဲ။


Weapon Plus Program ရဲ့ Subject များစာရင်း

Weapon 0 – Classified
Weapon I – Captain America
Weapon II – A squirrel with Wolverine’s Adamantium skeleton, claws
Weapon III – Skinless Man
Weapon IV – Unknown
Weapon V- Series of symbiote soldier hybrids, led by sym-soldier Robert Urquhart III, developed from the Grendel alien specimen.
Weapon VI – Unknown
Weapon VII – Frank Simpsom
Weapon VIII – Unknown
Weapon IX – Deadpool; confirmed in Wolverine & Captain America
Weapon X – Wolverine; cloned and in the 23rd attempt, X-23 was made
Weapon XI – Deadpool (X-Men Origins Wolverine (however, most people choose to forget this))
Weapon XII – The Huntsman
Weapon XIII – Fantomex
Weapon XIV – Stepford Cuckoos
Weapon XV – Ultimaton
Weapon XVI – Allgod

Post a Comment

Previous Post Next Post