ဘယ်လောက်စွမ်းအားကြီးလဲ

Beyonder ဟာ Omnipotent ​ဖြစ်ပါတယ်။ တကယ်စွမ်းအားကြီးဆုံးတွေထဲမှာ ပါဝင်ပါတယ်။ Thanos လိုသူကတောင် Beyonder ကိုကြောက်ရတဲ့ အထဲမှာပါဝင်ပါတယ်။

Marvel Universe မှာသူထက်သာတာဆိုလို့ One Above All ပဲရှိပါတယ်။ Secret War 2 စာအုပ်ထဲမှာဆိုရင် သူက Multiverse ကိုတောင်ဖျက်စီးဖို့အထိချိန်း​ခြောက်ခဲ့ပါတယ်။ တစ်ခါတရံမှာသူကိုယ်တိုင် ရည်ရွယ်ချက်ရှိရှိနဲ့ သူရဲ့စွမ်းအားကိုလျော့ချခဲ့တာက လွဲရင်သူရဲ့စွမ်းရည်က အဆုံးမရှိပါတဲ့။


သူကဘယ်ကနေပေါ်လာတာလဲ

သူက Marvel Universe ထဲကရှေးအကျဆုံး Boyond မျိုးနွယ်ဝင်တွေထဲကတစ်​ယောက်ဖြစ်ပါတယ်။ သူ့ကိုကမ္ဘာပေါ်ကို ရောက်ရှိစေခဲ့တာကတော့ Molecule Man ရဲ့ Cosmic Cube ရဲ့သိပ္ပံစမ်းသပ်ချက်က မတော်တဆမှုကြောင့်ဖြစ်ပါတယ်။ သူရဲ့အစပြုခဲ့တဲ့ စကြာဝဠာမှာတော့ သူကိုယ်တိုင်က စကြာဝဠာဖြစ်ပါတယ်​။ သူကအကုန်လုံးကို အစိုးရတဲ့သူဖြစ်ပါတယ်။

သူက လူတွေရဲ့စကြာဝဠာကို ကြုံတွေ့တဲ့အခါ လူတွေကို အရမ်းစိတ်ဝင်စားလာပါတယ်။ လူတွေဟာဘာကြောင့်အသက်ရှင်နေထိုင်ဖို့ကြိုးစားရုံးကန်နေရာတာလဲ။ ဘာလို့ ပြိူင်ဆိုင်နေကြတာလဲဆုတာကို သူနားမလည်ပါဘူး။ ဒါ့ကြောင့်သူဟာလူတွေရဲ့လိုချင်တက်မက်စိတ်ကို စပြီးလေ့လာခဲ့ပါတယ်။


Secret War ကိုဖန်တီးချင်း

လူတွေကိုလေ့လာရင်းနဲ့ လူသားတွေထဲက ဟီးရိုးတွေနဲ့ ဗီလိန်တွေကို Battle World လို့​ခေါ်တဲ့ဂြိုလ်တစ်ခုပေါ်မှာ တိုက်ခိုက်စေပါတယ်။

I am beyond! Slay Your Enemies and all shall be yours! Nothing you dram of is impossible for me to accomplish!

အနိုင်ရတဲ့သူဟာ သူရဲ့စိတ်ဆန္ဒက တောင်းဆိုတာမှန်သမျှရစေရမယ်လို့ဆိုကာ လောဘစိတ်ကိုလေ့လာခဲ့ပါတယ်။

ဒီစစ်ပွဲမှာ Dr Doom က Beyonder ရဲ့ စွမ်းအင်ကို ရယူနိုင်မယ့်နည်းလမ်းကို ရှာဖွေအောင်မြင်ခဲ့ပါတယ်။ Dr Doom ဆီက စွမ်းအင်ကို ပြန်ရယူနိုင်ခဲ့ပြီးနောက်မှာတော့ Beyonder ဟာ ထွက်​ပြေးကွယ်ပျောက်သွားပြီး Battle World ပေါ်ကလူတွေလဲ ကမ္ဘာပေါ်ကိုပြန်ရောက်လာပါတော့တယ်။


Secret War 2

ပထမအကြိမ်မှာ အဖြေမလှခဲ့တဲ​ Beyonder လူသားတွေရဲ့ စိတ်ဆန္တလိုချင်တက်မက်မှုတွေကို လေ့လာလို့ အားမရသေးပါဘူး။ ဒီတစ်ခါမှာတော့ Beyonder ဟာလူတွေကို ကြည့်ရုံကြည့်တာ မဟုတ်တော့ပဲ သူကိုယ်တိုင် လူသားတစ်​ယောက်အသွင်ကိုယူပြီး လေ့လာပါတော့တယ်။

သူပထမဆုံးလုပ်ယူခဲ့တဲ့လူပုံစံကတော့ Captain America ပုံစံပါ။ ဒါလိုနဲ့နေရင်း အဆင်မပြေမှူတွေများစွာနဲ့ကြုံတွေ့ရပြီးနောက်ပိုင်းမှာ လူဆိုး Vinne နဲ့တွေ့ခဲ့ပါတယ်။ Vinne က Beyonder ရဲ့စွမ်းအင်အသုံးချရင်း သူ့ကိုလည်း လူ့ဘဝမှာအောင်မြင်ပြီး ချမ်းသာကြွယ်ဝလောအောင်ကူညီပေးခဲ့ပါတယ်။ Cap ရဲ့ပုံစံကနေပြီး အဖြူရောင်ဝတ်ထားတဲ့ ဆံပင်ကောက်ကောက်နဲ့လူတစ်​ယောက်ရဲ့ အသွင်ကိုလည်းယူစေခဲ့ပါတယ်။

ဒါကိုလဲမကြေနပ်နိုင်တဲ့ Beyonder က Vinne နဲ့လဲ လမ်းခွဲခဲ့ပြီး ကမ္ဘာပေါ်က သက်ရှိသက်မဲ့တွေအားလုံးကို သူလိုသလိုထိန်းချုပ်ပြီး လေ့လာပြန်ပါတယ်။ ​စမ်းသပ်လို့ပြီးတဲ့အခါ အားလုံးကိုပြန်လွှတ်ပေးလိုက်ပါတယ်။

နောက်တစ်မျိုးစမ်းသပ်တဲ့ အနေနဲ့ သူဟာလူသားတွေကို ကူညီတဲ့ လူတစ်ယေက်အဖြစ်ရပ်တည်ပြန်ပါတယ်။ အကူအညီလွန်ပြီး သေခြင်း Death ကိုပါ ဖယ်ရှားစေတဲ့ အတွက် တခြား Realm က နတ်ဆိုး ဗီလန် Mephisto ရဲ့ရန်ငြိုးထားတိုက်ခိုက်တာကိုခံရပြန်ပါတယ်။

လူသားတွေကို စမ်းသပ်လို့တဲ့အခါမှာ သူဟာလောကရဲ့ဘယ်နေရာမှာမှ အဆင်မပြေဘူးလို့ယူဆပြီး မပျော်တော့တဲ့ Beyonder က ကမ္ဘာပေါ်က သက်ရှိသက်မဲ့တွေအားလုံး အပြင် Mutliverse ကိုပါဖျက်စီးပြီး သူရဲ့စကြာဝဠာ Beyond-Realm ကိုပြန်ဖို့လုပ်ပါတော့တယ်။

အဲဒါကို Avenger နဲ့ တခြား Hero တွေကပေါင်းပြီးတားဆီးခဲ့ပါတယ်

ကမ္ဘာက ဟီရိုးတွေက Beyond Realm အထိလိုက်လာပြီး Beyonder ကိုအပြီးသတ်နိမ်နင်းကြပါတော့တယ်။ Beyonder အရေးနိမ့်နေစဥ်မှာပဲ Molecule Man က Beyonder ကို Cosmic Cude စမ်းသပ်ချက်ကနေပြီးဖြစ်ပေါ်လာကြောင်း သိစေပြီးတဲ့အခါမှာတော့ Beyonder ဟာသူ့ရဲ့ အစပျိုးရာဖြစ်တဲ့ Cosmic Cude အဖြစ်ကို ပြန်ပြီးပုံသွင်းခံလိုက်ပါတော့တယ်။