Marvel Phase 4 & Secret Invasion


သင်က Mavel Phase 4 ကိုစောင့်မျှော်နေတဲ့သူဆိုရင်
Secret Invasion အကြောင်းကို သိထားသင့်ပါတယ်

Secret Invasion ဆိုတာကဘာလဲ

Secret Invasion ဆိုတာ အတိုချုံး နားလည်လွယ်အောင်ပြောရရင်
၂၀၀၈ ခုနစ်က ရုပ်ပြစာအုပ် (၈)အုပ်တွဲ အနေနဲ့ ထွက်ခဲ့တဲ့ ဇာတ်လမ်းဖြစ်ပါတယ်


သူ့ရဲ့ အဓိကဇာတ်လမ်းကတော့ Skrull တွေက ကမ္ဘာမြေပေါ်ကို ကျူးကျော်ဝင်ရောက်လာတာပါ
Skrull တွေက ကမ္ဘာပေါ်က စူပါဟီရိုးတွေ အထက်တန်းအရာရှိကြီးတွေနေရာကို ဟန်ဆောင်ပြီး တဖြည်ဖြည်းချင်းအစားထိုးလာကြတာပါ



အဲတော့ Secret Invasion က Phase 4 နဲ့ဘယ်လိုလာဆက်စပ်မလဲ



လူပြောများနေတဲ့ သီအိုရီတွေအရဆိုရင် Marvel ဟာ Phase Four ဇာတ်လမ်းတွေရဲ့ကြောရိုးကို Secret Invasion ကို အ​ခြေခံပြီး တဖြည်းဖြည်းချင်းဆွဲခေါ်သွားမယ်လို့သိရပါတယ်

ဒါကလည်းအထူးအဆန်းတော့ မဟုတ်တော့ပါဘူး
ဘာလို့လဲဆိုတော့ Skrull တွေရဲ့အကြောင်းက Captain Marvel ရဲ့ ဇာတ်လမ်းထဲမှာလည်း အများကြီးပါခဲ့သလို
Far from home ရဲ့ Credit Scene မှာလည်း Nick Fury နေရာမှာဝင် သရုတ်ဆောင်ပေးနေတဲ့ Skrull တွေကို ချပြသွားလို့ပါပဲ


ဒါပေမယ့် ဒီနေရာမှာ comic နဲ့ ကွဲလွဲနေတာက Skrull တွေက ကျူးကျော်သူဖြစ်ရမယ့်အစား လူကောင်းတွေဖြစ်နေပြီး SHIELD နဲ့တွဲပြီးအလုပ်လုပ်နေတာဖြစ်ပါတယ်

အဲတော့ ဖြစ်နိုင်တာက Secret Invasion ကို ဇာတ်လမ်းကြောရိုးပဲယူပြီး ကျူးကျော်သူနေရာမှာ Skrull တွေအစား Kree တွေကို လူဆိုးအနေနဲ့ထည့်သွင်းသွားတာဖြစ်နိုင်မလားလို့ စဥ်းစားရပါတယ်

အဲတာအတွက် သဲလွန်စအနေနဲ့ Nick Fury နေရာမှာ သရုပ်ဆောင်နေတဲ့ Talos က ကမ္ဘာပေါ်မှာ Kree Cells တွေရဲ့ အရိပ်အယောင်တွေ့နေရပြီလို့ ပြောသွားခဲ့ပါတယ်

Kree Sleeper Cells ဆိုတာကတော့ Kree တွေရဲ့ လျို့ဝှက်အဖွဲ့ကို ရည်ညွှန်းတာဖြစ်ပါတယ်



သူတို့က ရန်သူတွေကြားမှာ တိုးတိုးတိတ်တိတ်ထိုးဖောက်ဝင်ရောက်နေပြီး အချက်ပေးချက်ရမှ ထပြီးလှုပ်ရှားကြတဲ့အဖွဲ့ပါ

ဒါကြောင့် Kree တွေက ကမ္ဘာပေါ်မှာ ဘယ်လောက်အထိ နေရာယူထားပြီးပြီလဲ ဘယ်သူတွေနေရာကို အစားထိုးထားပြီးပြီလဲဆိုတာရယ် Marvel Phase 4 မှာလာမယ့် တခြားဇာတ်လမ်းတွေနဲ့ ဘယ်လိုချိတ်ဆက်သွားမလဲဆိုတာ စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်


Kree တွေရဲ့အကြောင်းကိုသိချင်ရင်တော့ အောက်ကလင့်မှာ သွားရောက်ဖတ်ကြည့်လို့ရပါတယ်

ဖတ်ရန် နိပ်ပါ 



**Phase 4 မှာ ဘယ်လိုဇာတ်လမ်းတွေလာမလဲသိချင်ရင်တော့ အောက်ကလင့်က ဗီဒီယိုလေးနားထောင်ကြည့်လိုက်ပါ

ဗီဒီယိုကြည့်ရန် နှိပ်ပါ

1 تعليقات

إرسال تعليق

أحدث أقدم