Galactus

Glactus ဆိုတာ Maverl Universe ရဲ့နာမည်အကြီးဆုံးဆိုတဲ့ ဗီလိန်စာရင်းထဲမှာပါဝင်ပါတယ်။ Galactus ဟာ သူအသက်ဆက်ရှင်သန်နေထိုင်ဖို့အတွက် တခြားဂြိုလ်များကို လိုက်လံစားသုံးရသူ အဖြစ်နာမည်ကြီးပါတယ်


Galactus ကိုဘယ်မှာမြင်ဘူးခဲ့လဲ

Galactus ကို ရုပ်ရှင်ပရိတ်သတ်အနေနဲ့ မြင်ဘူးခဲ့ပြီးပါပြီ. ဒါပေမယ့် သိပ်ပြီး အကောင်အထည်တော့ မပြခဲ့ပါဘူး. အဲတာကတော့ Fantastic Four : The rise of Silver Surfer ရုပ်ရှင်ထဲမှာပါ. 

အဲဒီဇာတ်လမ်းမှာဆိုရင် Silver Surfer က Galactus ရဲ့ လက်အောက်ခံ ဖြစ်ပြီး Galactus ဝါးမျိုဖို့ ဂြိုလ်တွေကို လိုက်ရှာပေးရတဲ့သူပါ. နောက်ဆုံးအခန်းမှာ Silver Surfer ကိုယ်တိုင်က သူခေါ်လာခဲ့တဲ့ ကမ္ဘာမြေကို ဝါးမျိုဖို့ရောက်လာတဲ့ အရာကိုဝင်တိုက်ပြီး ဇာတ်သိမ်းသွားတာကို မှတ်မိမှာပါ. အဲတာဟာ Galactus ပါပဲ



Galactus ဘယ်ကအစပြုခဲ့လဲ

Galactus ဟာ Earth 616 စတင်ဖြစ်ပေါ်လာခဲ့စဥ်ထဲ က ပေါ်ပေါက်လာတာပါ.
Earth 616 မတိုင်ခင်က စကြာဝဠာဟာ Bigbang ကြောင့်ပျက်ဆီးကာနီးနေပါပြီ. အဲဒီအချိန်မှာ နည်းပညာအရမ်းတိုးတက်နေတဲ့ ဂြိုလ်တစ်ခုက Galan ဆိုတဲ့သူဟာ Big Bang ထဲကို Starship တစ်စီးနဲ့ ထိုးဝင်သွားပြီးသူ့ကိုယ်သူ စတေးကာ Big Bang ကိုတားဆီးဖို့ကြိုးစားပါတယ်.
Big Bang ကိုတားဆီးဖို့ရာ မအောင်မြင်ခဲ့ပေမယ့် သူ Big Bang ထဲကို ဝင်သွားတဲ့အချိန်မှာ Sentience Being တွေနဲ့ တွေ့ပြီး Sentience တွေကသူ့ကိုယ်ထဲကိုဝင်ရောက်ပူးပေါင်းပြီး အသက်ဘေးကနေတော့ ရှင်သန်လွတ်မြောက်နိုင်ခဲ့ပါတယ်. 

ဒါပေမယ့် သူ့ရဲ့ Universe(စကြာဝဠာ) ကတော့ ပျက်ဆီးသွားခဲ့ကြီး Earth 616 ဟာ Universe အသစ်အနေနဲ့ ပေါ်ပေါက်လာခဲ့ပါတယ်.
ပါဝါ အစွမ်းထက်လာပေမယ့် ရုပ်ပိုင်းဆိုင်ရာမပြည့်စုံသေးပဲ စွမ်းအင်တွေအဖြစ်သာရှိနေသေးတဲ့ Galan ဟာသူကိုသူ သူ့ရဲ့ Starship ကို Incubater လုပ်ပြီး ပိုးလှောင်အိမ်ထဲနေသလို လုပ်ပြီးမှီခိုနေပါတော့တယ်.
သူရဲ့ Incubator ဟာ စကြာဝဠာအသစ်ထဲမှာ နှစ်ဘီလီယံပေါင်းများစွာ မလှုပ်မယှက်မြောလွင့်နေခဲ့ပါတယ်. သူမြောလွင့်နေခဲ့တဲ့ အချိန်မှာပဲ စကြာဝဠာ ထဲမှာ သက်ရှိတွေစတင်ဖြစ်ပေါ်လာပါတယ်. သက်ရှိတွေဖြစ်လာပြီး နှစ်ပေါင်းများစွာကြာတဲ့အခါ အဲဒီအထဲကမှ Watcher အဖွဲ့ထဲက Ecce ဆိုသူက Galactus ရဲ့​မျောလွင့်နေတဲ့ ယဥ်ကိုတွေ့သွားပြီး ယူဆောင်လေ့လာပါတော့တယ်. သူက Galactus ဟာတစ်ချိန်မှာ ကမ္ဘာတွေကိုလိုက်ပြီး ဖျက်ဆီးမယ့်သူဆိုတာကိုသိတဲ့အတွက် ဖျက်ဆီးလိုက်ရင်ကောင်းမလားလို့စဥ်းစားပါတယ်. ဒါပေမယ့်သူတို့က Watcher ဆိုတဲ့အတိုင်း သူတို့က ဝင်ရောက်မနှောက်ရှက်ပဲ စောင့်ကြည့်ရုံပဲလို့ ကတိခံထားတဲ့အတွက် ဘာမှမလုပ်နိုင်ပဲ ပြန်လွှတ်ပေးလိုက်ပါတယ်


အဲတာနဲ့ Galactus ဟာ နစ်ပေါင်းများစွာပြန်မြောလွင့်နေရင်း Ego ပေါ်ကိုမတော်တဝင်ရောက်တိုက်မိပြန်တယ်. Ego က သူပေါ်ကနေ Galactus ကိုဖယ်ရှားဖို့ အချိန်ခရီးသွားနေတဲ့ Silver Surfer ကိုအကူအညီတောင်းပါတယ်. Silver Surfer ဟာ Galactus ကိုအဲနေရာမှာတင်ရှင်းဖြစ်ဖို့ကြံစဥ်ခဲ့ပေမယ့် Galactus ဟာ စကြာဝဠာရဲ့ အချိုးညီမျှဖို့အတွက် အရေးကြီးတာ်ဆိုတာကို Uatu ဆိုသူကလာပြောတဲ့အတွက် မရှင်းပြစ်တော့ပဲ Silver Surfer ကိုယ်တိုင် Incubator ထဲကို ဝင်သွားပြီး Galan ကိုနားချပါတယ်း Incubator ကို Ego ပေါ်ကနေ Arcehonpia ဂြိုလ်အနားကို သွားရောက်စေပါတယ်.

Archeopia မှာနစ်ပေါင်းများစွာလှည့်ပါတ်နေရင်း တစ်နေ့မှာ ကင်းလှည့်တဲ့ အဖွဲ့က Incubator ကို အန္တရာယ်ရှိတဲ့ လက်နက်တစ်ခုထင်ပြီး ဖျက်စီးပြစ်လိုက်တဲ့အခါ အထဲက ရုပ်ပိုင်းဆိုင်ရာ ပြည့်စုံအဆင်သင့်ဖြစ်နေပြီဖြစ်တဲ့ Galan တစ်ဖြစ်လဲ Galactus ကလွတ်မြောက်လာပါတော့တယ်.


Galactus စတင်ဖျက်ဆီးပြီ

လွတ်မြောက်လာတာနဲ့ Galactus ဟာ Archeopia ကို သူရဲ့စွမ်းအင်ရဖို့အတွက် စတင်ဖျက်စီးပါတော့တယ်. Archeopia ရဲ့နေအဖွဲ့ အစည်းတစ်ခုလုံးကို လွှမ်းခြုံပြီးသူ အတွက်နေစရာအိမ်လဲဖြစ်တဲ့ အာကာသခရီးသွားယာဥ်ကို တည်ဆောက်လိုက်ပါတယ်.


သူအတွက် နစ်ဘီလီယံပေါင်းများစွာ နေနိုင်ဖို့အတွက် သူဝါးမျိူစရာ Sentient တွေကိုရှာမတွေ့တဲ့ အခါ သူက တစ်ခြားဂြိုလ်တွေကို ဆက်တိုက်ဆိုသလို ဝါးမျိုဖို့လိုလာပါတယ်. အဲတာကြောင့် သူမှာ တခြားသက်ရှိတွေကို ​ညှာတာသနားချင်းလုံးဝမရှိတော့ပါဘူး. 

သူဟာသူ့ကိုယ်သူ တခြားသက်ရှိတွေထက် ကြီးမြတ်တယ်လို့ယူဆလာပြီး သူဟာ စကြာဝဠာရဲ့ အချိုးညီမျှဖို့အတွက်အရေးပါတဲ့သူလို့ သူကိုယ်သူသတ်မှတ်လိုက်ပါတယ်. ဒါပေမယ့် တစ်ချိန်ထဲမှာပဲ တစ်နေ့တော့ သူလုပ်သမျှတွေကို ပြန်ပေးဆပ်ရမယ်ဆိုတာလည်း သိနေပါတယ်.


Galactus က Silver Surfer ကိုဖန်တီး


တစ်နေ့မှာ Galactus ဟာ Zann-La ဂြိုလ်ကိုဖက်ဆီးဖို့ အလှည့်ရောက်လာပါတယ်. အဲဒီဂြိုလ်က Norrin Radd ဆိုတဲ့သူက သူ့ရဲ့ဂြိုလ်ကို ချမ်းသားပေးရင် သူကိုယ်တိုင် Galactus ရဲ့ နောက်ပါအဖြစ် လိုက်ပါပြီး Galactus ဝါးမျိုစရာဂြိုလ်တွေကို ရှာပေးပါမယ်လို့ ဂတိခံခဲ့ပါတယ်. အဲဒီလူကို Galactus က Silver Surfer အဖြစ်ဖန်တီးခဲ့ပါတယ်.


Fantastic Four နဲ့တွေ့ဆုံချင်း

Galactus ဟာ ကမ္ဘာကိုတွေ့တဲ့အခါ Silver Sufer ကိုရှေ့ပြေးလွှတ်ပြီး စုံစမ်းစေပါတယ်. စွမ်းအင်တွေနဲ့ ပြည့်နေတဲ့ ကမ္ဘာကို Galactus ကဝါးမျိုချင်​ပေမယ့် Silver surfer ကတားမြစ်ခဲ့ပါတယ်.

ကမ္ဘာမြေပေါ်က Fantastic Four အဖွဲ့က Ultimate Nallifier ကိုတီထွင်ခဲ့ပြီး Galactus ကိုတားဆီးနိုင်ခဲ့ပါတယ်. 
ဒေါသထွက်နေတဲ့ Galactus က Silver Surfer ကို ကမ္ဘာပေါ်မှာပဲ ပိတ်မိနေအောင် ချုပ်နှောင်ထားခဲ့ပါတယ်.


ကမ္ဘာကို ဝါးမျိုဖို့ မဖြစ်နိုင်တော့တဲ့ Galactus ​ဟာနောက်ထပ် ကမ္ဘာနဲ့တူတဲ့ ဂြိုလ်တစ်ခုကိုတွေ့ရှိခဲ့ပါတယ်. အဲဒီဂြိုလ်ကလဲ ကမ္ဘာမြေကို အကူအညီတောင်းတဲ့ အတွက် ကမ္ဘာပေါ်က Fantastic Four အဖွဲ့ဟာသွားရောက်ပြီး ကူညီခဲ့ပါတယ်. Galactus ဟာ အဲဒီပွဲမှာ Ultimate Nullifier ဒါဏ်ကြောင့် လုံးဝကိုသေဆုံးတော့မလိုအထိ အထိနာသွားခဲ့ပါတယ်.

ဒါပေမယ့် Reed Richard ကသူ့ကို Thor ရဲ့အစွမ်းကိုသုံးပြီး အသက်မသေအောင်ပြန်ကူညီခဲ့ပါတယ်
အဲဒီအတွက် Galactus နဲ့ Reed Rihard ကြားမှာနားလည်မှုရယူနိုင်ခဲ့ပြီး ကမ္ဘာမြေကို နောက်ထပ်ထိပါးလာသူ Sphinx ကိုနိမ်နင်းဖို့ပါဝင်ကူညီခဲ့ပါတယ်. နောက်ထပ်လဲ ကမ္ဘာမြေကိုနောက်ထပ် မထိပါးဖို့ ကတိပေးခဲ့ရပါတယ်.


MCU မှာ အရေးပါလာနိုင်တဲ့ နေရာ


အားလုံးသိကြတဲ့အတိုင်း Marvel ရဲ့ပိုင်ရှင် Disney Studio က Fantastic 4 ရဲ့လက်ရှိပိုင်ရှင် Fox ကိုဝယ်ထားပြီးဖြစ်တာကြောင့် MCU နဲ့ Fantastic Four, Xmen စသည်တို့ဟာ မကြာခင်မှာ ဆုံတွေ့ကြမယ်ဆိုတာ ခန့်မှန်းကြည့်လို့ရနိုင်ပါတယ်.
ဒီလိုဆုံတွေ့ဖို့ဆိုတာ Cosmic Level ရန်သူရှိနေဖို့လိုပါတယ်. ဒါကြောင့် Galctus ဟာ အဲဒီနေရာကိုဝင်ဖြည့်မယ့် ဗီလိန်ဖြစ်လာမလားဆိုတာ မျှော်လင့်ကြည့်လို့ရနိုင်ပါတယ်.

ထပ်မံဖတ်ကြည့်သင့်သည်များ

X-men ထဲက Quick Silver ကို MCU မှာမြင်ရနိုင်

Post a Comment

أحدث أقدم